Showing posts with label ဗုဒ္ဓတရားတော်. Show all posts
Showing posts with label ဗုဒ္ဓတရားတော်. Show all posts

Tuesday, December 21, 2010

ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံနှင့် အဓိကကျင့်စဉ်

ငါးပါးသီလဟာ အဓိကကျင့်စဉ်လား
“အရှင်ဘုရား၊ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိက အခြေခံကျင့်စဉ်ဟာ ဘာပါလဲဘုရား၊ အခြားဘာသာတွေမှာလို ဥပမာ-ခရစ်ယာန်ဘာသာမှာ ပညတ်တော်ဆယ်ပါး၊ အစ္စလာမ်ဘာသာမှာဆိုရင် တနေ့ ဘုရားဘယ်နှခါ ဝတ်ပြုရမယ်၊ အရက် သေစာ ရောင်းဝယ်မှု သောက်စားမှု မပြုရဘူး၊ လောင်းကစား မလုပ်ရဘူး၊ ဝင်ငွေရဲ့ ရာခိုင်နှုန်းမည်မျှကို ဆင်းရဲသားတွေကို ပေးလှူရမယ် စသည်ဖြင့် ပညတ်ချက်တွေ ရှိပါတယ်။ တပည့်တော်တို့ ဗုဒ္ဓဘာသာမှာကော အဲဒီလိုမျိုး ရှိပါသလား။ ငါးပါးသီလဟာ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိက အခြေခံကျင့်ဝတ် ဖြစ်ပါသလား”လို့ ခဏ ခဏ မေးလျှောက်ခံရသည်။
ငါးပါးသီလကို ဗုဒ္ဓဘာသာ၏ အဓိက အခြေခံကျင့်ဝတ်ဟု အများစုက ထင်တတ်ကြသည်။
ထို့ကြောင့် အခြားဘာသာဝင်တယောက်က - “မင်းတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အခြေခံကျင့်ဝတ်က ဘာလဲ” ဟု မေးလာသောအခါ ငါးပါးသီလဟု ဖြေတတ်ကြသည်။