Tuesday, December 21, 2010

ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံနှင့် အဓိကကျင့်စဉ်

ငါးပါးသီလဟာ အဓိကကျင့်စဉ်လား
“အရှင်ဘုရား၊ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိက အခြေခံကျင့်စဉ်ဟာ ဘာပါလဲဘုရား၊ အခြားဘာသာတွေမှာလို ဥပမာ-ခရစ်ယာန်ဘာသာမှာ ပညတ်တော်ဆယ်ပါး၊ အစ္စလာမ်ဘာသာမှာဆိုရင် တနေ့ ဘုရားဘယ်နှခါ ဝတ်ပြုရမယ်၊ အရက် သေစာ ရောင်းဝယ်မှု သောက်စားမှု မပြုရဘူး၊ လောင်းကစား မလုပ်ရဘူး၊ ဝင်ငွေရဲ့ ရာခိုင်နှုန်းမည်မျှကို ဆင်းရဲသားတွေကို ပေးလှူရမယ် စသည်ဖြင့် ပညတ်ချက်တွေ ရှိပါတယ်။ တပည့်တော်တို့ ဗုဒ္ဓဘာသာမှာကော အဲဒီလိုမျိုး ရှိပါသလား။ ငါးပါးသီလဟာ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိက အခြေခံကျင့်ဝတ် ဖြစ်ပါသလား”လို့ ခဏ ခဏ မေးလျှောက်ခံရသည်။
ငါးပါးသီလကို ဗုဒ္ဓဘာသာ၏ အဓိက အခြေခံကျင့်ဝတ်ဟု အများစုက ထင်တတ်ကြသည်။
ထို့ကြောင့် အခြားဘာသာဝင်တယောက်က - “မင်းတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အခြေခံကျင့်ဝတ်က ဘာလဲ” ဟု မေးလာသောအခါ ငါးပါးသီလဟု ဖြေတတ်ကြသည်။

နိ-နီ-နု-နူ-နေ---နိက္ခမပါရမီ မှ နေ့၌ အိပ်သင့်သောသူ

နိက္ခမပါရမီ၏ နှောင်ကြိုး ၁၀-ဖွဲ့။ ။ ၎င်းင်းသရုပ်ကား (အနှောင်အဖွဲ့ကြီး ၁၀-ပါး)နှင့်တူ၏။

နိကာယ် ၅-ရပ်၊ ပိဋကတ်၊ ကျမ်းမြတ် ထုတ်ဘော်ဖြေ။ ။ အပေါင်းအစု ပေါင်းစုထားသော ကျမ်းစာ ငါးခု။
«က» ဒီဃနိကာယ် ၃-ကျမ်း, သုတ္တန်မျိုး ပါဠိတော်များ။
(၁) သုတ်သီလက္ခန်
(၂) သုတ်မဟာဝါ၊
(၃) သုတ်ပါထေယျ၊
«ခ» မဇ္ဈိမ နိကာယ် ၃-ကျမ်း, သုတ္တန်မျိုး ပါဠိတော်များ။
(၁) မူလ ပဏ္ဏာသ၊
(၂) မဇ္ဈိမ ပဏ္ဏာသ၊
(၃)ဥပရိ ပဏ္ဏာသ၊
«ဂ» သံယုတ္တနိကာယ် ၅-ကျမ်း, သုတ္တန်မျိုး ပါဠိတော်များ။
(၁) သဂါထာဝဂ္ဂ သံယုတ်၊
(၂) နိဒါန၀ဂ္ဂ သံယုတ်၊
(၃) ခန္ဓ၀ဂ္ဂ သံယုတ်၊
(၄) သဠာယတန၀ဂ္ဂ သံယုတ်၊
(၅) မဟာဝဂ္ဂ သံယုတ်၊
«ဃ» အင်္ဂုတ္တရ နိကာယ် ၁၁-ကျမ်း, သုတ္တန်မျိုး ပါဠိတော်များ။
(၁)ဧကင်္ဂုတ္တရ ၊
(၂) ဒုကင်္ဂုတ္တရ ၊
(၃) တိကင်္ဂုတ္တရ ၊
(၄) စတုကင်္ဂုတ္တရ ၊
(၅) ပဉ္စင်္ဂုတ္တရ ၊
(၆) ဆက္ကင်္ဂုတ္တရ ၊
(၇) သတ္တင်္ဂုတ္တရ ၊
(၈) အဋ္ဌင်္ဂုတ္တရ ၊
(၉) န၀င်္ဂုတ္တရ ၊
(၁၀) ဒသင်္ဂုတ္တရ ၊
(၁၁) ဧကာဒသင်္ဂုတ္တရ ။